Nearsigthedness (မျက်စိအဝေးမှုန်ခြင်း)
06-May-2017
အကျဉ်းရှင်းလင်းချက်`
အဝေးမှုန်ခြင်းဆိုသည်မှာ မျက်စိသည် မိမိနှင့် နီးသောအရာဝတ္ထုများကို ကြည်လင်ရှင်းလင်းစွာ မြင်ရသော်လည်း ဝေးသော အရာဝတ္ထုများကိုမူ ဝေဝေဝါးဝါးသာ မြင်ရခြင်းဖြစ်ပါသည်။ ထိုသို့ အဝေးမှုန်ခြင်းသည် လူကြီးအရွယ်တွင် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သော်လည်း ကလေးများနှင့် ဆယ်ကျော်သက်အရွယ်များတွင်ဖြစ်လျှင် လျှင်မြန်စွာ ဆိုးရွားလာနိုင်ပါသည်။
လက္ခဏာများ
လူကြီးတွင် အဝေးမှုန်ုခြင်း ခံစားရပါက တွေ့ရှိရသော လက္ခဏာများမှာ-
- ဝေးသော အရာဝတ္ထုများကိုကြည့်လျှင် မျက်စိဝေဝါးခြင်း၊ မှုန်ခြင်း
- ထိုသို့ဝေဝါးသော အရာများကို အသေချာမြင်နိုင်ရန် မျက်စိကို မှေး၍ ကြည့်ရခြင်း
- မျက်စိအာရုံစူးစိုက်မှု များလာခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရခြင်း
- ကားမောင်းနေစဉ် မျက်စိမြင်ကွင်းမရှင်းခြင်း (အထူးသဖြင့် ညအချိန်အတွင်း မျက်စိဝေဝါးခြင်း၊ မှုန်ခြင်း) နှင့်
ကလေးငယ်များတွင် တွေ့ရှိရသော လက္ခဏာများမှာ-
- တာရှည်စွာ မျက်စိစွေခြင်း
- တီဗွီကြည့်လျှင် တီဗွီရှေ့မှာ နီးကပ်စွာ ထိုင်ကြည့်နေခြင်း
- ခဏခဏ မျက်တောင်ခတ်ခြင်း
- မျက်လုံးကို ခဏခဏ ပွတ်နေခြင်း
- အဝေးမှ အရာဝတ္ထုများ သတိမထားမိတာကို တွေ့ရှိခြင်း တို့ဖြစ်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
မျက်ကြည်လွှာသည် ရှည်၍ အထဲသို့ ကွေးပြီး ဇောက်နက်သွားသောအခါ အဝေးမှလာသောအလင်းသည် မြင်လွှာ အပေါ်မှာ စုရမည့်အစား
မြင်လွှာ အရှေ့မှာ လာစုပြီး အမြင်တွေကို ဝေဝါးစေပါသည်။ ထိုအဝေးမှုန်ခြင်းသည် မျိုးရိုးလိုက်တတ်ပြီး ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲမှု
ကြောင့်လည်း ဖြစ်တတ်ပါသည်။
ဖြစ်နိုင်ချေများသူများ
- မျက်စိအဝေးမှုန် မျိုးရိုးရှိသူများ
- စာကိုအလွန်အကျွံ ဖတ်သူများ
- တစ်ချိန်လုံး အိမ်တွင်းအလုပ်လုပ်ပဲ လုပ်နေပြီး အပြင်ထွက်ရန် အချိန်မရှိသူများ
နောက်ဆက်တွဲ ပြဿနာများ
- မျက်စိအဝေးမှုန်ခြင်းကို အသေချာ မကုသနိုင်ခဲ့ရင် မိမိ၏ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပင် ကောင်းစွာမလုပ်နိုင်တော့ပေ။
- မျက်လုံးညောင်း၊ အောင့်၍ ခေါင်းကိုက်ခြင်း
- ကားမောင်းခြင်း (သို့မဟုတ်) အရေးကြီး အလုပ်တစ်ခုခု ပြုလုပ်နေစဉ်် အမြင်အာရုံ ဝေဝါးမှုကြောင့် အန္တရာယ်ရှိနိုင်ခြင်း နှင့်
- အခြားမျက်လုံးပိုင်းဆိုင်ရာရောဂါများ ( ရေတိမ်၊ အတွင်းတိမ်၊ မြင်လွှာ ကွာကျခြင်း) တို့ဖြစ်တတ်ပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
ရုတ်တရက် မျက်စိအတွင်း အလင်းများဖြစ်ပေါ်ခြင်း၊ အရိပ်ကွယ်ခြင်း၊ မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်တော့ခြင်း တို့ဖြစ်ပေါ်
လာလျှင် မျက်စိအထူးကု ဆရာဝန်နှင့် အမြန်သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
မျက်စိအထူးကုဆရာဝန်မှ မျက်စိစမ်းသပ်ကိရိယာများဖြင့် စစ်ဆေးခြင်း
ကုသခြင်း
- အမြင်အာရုံ ပြန်လည်ကောင်းမွန်စေရန် အဝေးကြည့် မျက်မှန်တပ်ခြင်း ၊ မျက်ကပ်မှန်တပ်ခြင်း
- ခွဲစိတ်ကုသခြင်း
- လေဆာဖြင့် ကုသခြင်း
ကာကွယ်ခြင်း
- မျက်စိကို ပုံမှန်စစ်ဆေးပေးခြင်း
- မျက်လုံးကို ထိခိုက်စေသောရောဂါများ ( သွေးတိုး၊ ဆီးချို ) ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း
- နေပူထဲသွားလျှင် နေကာမျက်မှန်တပ်ခြင်း
- မျက်လုံးကို ပြင်ပဘေးဥပါဒ်မှ မထိအောင် ကာကွယ်ပေးခြင်း
- မျက်စိအားကောင်းစေသော အစာများ၊ ဆေးများ ပုံမှန် မှီဝဲခြင်း
- ဆေးလိပ်မသောက်ခြင်း
- မျက်စိကို သေချာစမ်းသပ်ပြီးမှ သင့်တော်သော မျက်မှန်၊ မျက်ကပ်မှန်တို့တပ်ပေးခြင်း
- ကွန်ပျူတာ အသုံးများသူ၊ စာဖတ်များသူများအနေနှင့် မျက်စိကို မကြာခဏ မိနစ်အနည်းငယ်မျှ အနားယူပေးခြင်း
Ref : Mayo Clinic
Credit: Dr. Tun Nandar Linn
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
